တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီတို့၌ ကော်မရှင်က အဖွဲ့ဝင်အဖြစ်
ပါဝင်ခြင်း
•
ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှ��်သုံးသပ်သည့် လုပ်ငန်းစဉ်
(UPR) ၌ ကော်မရှင်က ပါဝင်ဆောင်ရွက်ခြင်း
•
SEANF၊ APF နှင့် GANHRI တို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း
အားနည်းချက်များ (အကျဉ်းချုပ်)
• ကော်မရှင် အဖွဲ့ဝင်များအကြား ကျား-မ မျှတမှုမရှိခြင်းနှင့် မတူကွဲပြားစွာ ပါဝင်မှု
အကန့် အသတ်ရှိခြင်း
•
ဝန်ထမ်းများ၏ အုပ်ချုပ်မှုအဆင့်များတွင် ကျား-မ မျှတမှုမရှိသေးခြင်း
•
ဝန်ထမ်းများအကြား မတူကွဲပြားမှု မရှိခြင်း
•
အရည်အချင်းပြည့်မီသော ဝန်ထမ်းများ ခန့်အပ်ရန်နှင့် ထိန်းထားရန် အခက်အခဲရှိခြင်း
•
မူဝါဒရေးရာ သုတေသနပြုမှု စွမ်းဆောင်ရည်မရှိခြင်း
ထို့ပြင် ကော်မရှင်၌ အောက်ပါအားနည်းချက်များလည်း ရှိပါသည်•
အများပြည်သူအကြား ကော်မရှင်၏ အကြောင်း သိရှိမှု အကန့်အသတ်ရှိခြင်း
•
လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် အသိပညာ ပြန့်ပွားရေး ဆောင်ရွက်ရန် နည်းလမ်းများနှင့်
သင်ထောက်ကူပစ္စည်းများ သုံးစွဲမှုတို့တွင် အကန့်အသတ်ရှိခြင်း
• ပြည်နယ်များမှ တိုင်တန်းချက် ရရှိမှု နည်းပါးခြင်း
• အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်
ရွက်မှု အကန့်အသတ်ရှိခြင်း
ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုကိုထိပါးစေပြီး ကော်မရှင်အတွက် စိန်ခေါ်မှုများ
ဖြစ်စေသည့် ပြင်ပအခြေအနေများတွင် ထူးခြားသည့်အကြောင်းအချက်များ ရှိပါသည်။ မြန်မာ
နိုင်ငံသည် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါ
သည်။ လူ့အခွင့်အရေးအကြောင်းကို နားလည်မှုနည်းပါးပါသည်။ ကိစ္စရပ်များစွာတွင် အာဏာ
ပိုင်များကိုဆန့်ကျင်၍ တိုင်တန်းမှု သို့မဟုတ် ပြောဆိုမှု ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ် လာနိုင်မည့်
တုန့်ပြန်မှုဂယက်ကို ပြည်သူများက စိုးရိမ်ကြောင့်ကြ လျက်ရှိကြပါသည်။