SWOT နည်းလမ်းအရ သုံးသပ်မှု စွမ်းဆောင်ရည်ဆန်းစစ်မှုဆောင်ရွက်စဉ်တွင် ကော်မရှင် အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ပြင်ပမှသက်ဆိုင်သူများသည် ကော်မရှင်၏ အားသာချက်များ၊ အားနည်းချက်များနှင့် ရင်ဆိုင်ရ သည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပသည်။ ကော်မရှင် အဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူးများ သည် မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးလုပ်ငန်း၏ ကဏ္ဍတစ်ရပ်အနေဖြင့် ကော်မရှင်၏ အားသာ ချက်များနှင့် အားနည်းချက်များကို အသေးစိတ်သုံးသပ်ခဲ့ကြပါသည်။ ထို့ပြင် ကော်မရှင်အတွက် အခွင့်အလမ်းနှင့် အခက်အခဲများကိုလည်း သတ်မှတ်နိုင်ခဲ့ကြပါသည်။ အားသာချက်များ ( အကျဉ်းချုပ် ) • ကော်မရှင်ကို ဥပဒေအရ ဖွဲ့စည်းခြင်း • ကော်မရှင် ဥက္ကဌကို ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များကို ဒုတိယဝန်ကြီး အဆင့်အဖြစ်လည်းကောင်း သတ်မှတ်ခြင်း • ပိုမိုလေ့လာလိုစိတ်၊ ပိုမိုလုပ်ကိုင်လိုစိတ်ရှိပြီး လုပ်ငန်းအပေါ်သစ္စာရှိသည့် ဝန်ထမ်းများ ရှိ ခြင်း • ဘဏ္ဍာငွေကြေးကို လွတ်လပ်စွာသုံးစွဲနိုင်မှု တိုးတက်လာခြင်း၊ သီးခြားဘတ်ဂျက်ရရှိခြင်း • ရုံးခွဲများ စတင်ဖွင့်လှစ်လာခြင်း • လွှတ်တော်နှင့် ဆက်ဆံရေး • တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတို့တွင် လူ့အခွင့်အရေး အသိပညာပြန့်ပွားရေးနှင့် လူ့အခွင့်အရေးပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း • အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း တို့သို့ စောင့်ကြည့်လေ့လာခြင်းနှင့် တိုးတက်မှုများ တွေ့ရှိရခြင်း • ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်း • ကော်မရှင်၏ တိုင်တန်းမှုလုပ်ငန်းစဉ်အပေါ် အစိုးရဌာနများက လေးစားမှုရှိခြင်း • ကော်မရှင်၏ ဥပဒေနှင့် မူဝါဒအပိုင်းဆိုင်ရာ အကြံပြုတိုက်တွန်းချက်များအပေါ် နိုင်ငံတော်သမ္မတ၏ တုံ့ပြန်မှုများ • အမျ ိုးသမီးရေးရာ၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းသူအခွင့်အရေး၊ လူကုန်ကူးမှု

Select target paragraph3

Connect to a paragraph
Connect to an entity
Disable highlights
Add to table of contents