၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၌ မြန်မာနိုင်ငံအမျ ိုးသားလူ့အခွင့်အရေးကော်မရှင်က ဆောင် ရွက်ခဲ့သည့် အလုံးစုံ စွမ်းဆောင်ရည်ဆန်းစစ်မှုမှ တွေ့ရှိချက်များနှင့် အကြံပြုတိုက်တွန်းချက် များအရ စီမံကိန်းကို ရေးဆွဲခဲ့ခြင်း ဖြစ်ပါသည်။ ဤ မဟာဗျူဟာစီမံကိန်း၌ ကော်မရှင်၏ မျှော်မှန်းချက်နှင့် တာဝန်ဖော်ပြချက်တို့ ပါဝင်ပါသည်။ ၎င်းတွင် ရည်မှန်းချက် ပန်းတိုင် ၆ ရပ် ရှိပါသည်။ ရည်မှန်းချက်ပန်းတိုင် တစ်ရပ် ချင်းစီတွင် တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသော ရည်ရွယ်ချက်များ၊ သတ်မှတ်ထားသော မဟာဗျူဟာမြောက် ဆောင်ရွက် ချက်များ (အဓိက ဆောင်ရွက်ရန်အချက်များ)၊ ရည်ရွယ်သည့် အုပ်စုများ၊ ဆောင်ရွက်ချက်များနှင့် အညွှန်းကိန်းများ ပါဝင်ပါသည်။ ၂၀၂၀ ခုနှစ်မှ စတင်သည့် နှစ်စဉ် လုပ်ငန်းစီမံချက်များအား မဟာဗျူဟာစီမံကိန်းကို အခြေခံ၍ ရေးဆွဲ ဆောင်ရွက်မည် ဖြစ်ပါသည်။ ညှိနှိုင်းဆွေးနွေးသည့်လုပ်ငန်းစဉ်၌ သဘောထားမှတ်ချက်များနှင့် အကြံပြုချက်များ ပေးကြသည့် အတွက် ကော်မရှင်အနေဖြင့် ကျေးဇူးတင်ရှိပါကြောင်းနှင့် မဟာဗျူဟာစီမံကိန်းတွင် ထည့်သွင်းစဉ်းစားခဲ့ပါကြောင်း ဖေါ်ပြအပ်ပါသည်။

Выберите целевой абзац3