ကော်မရှင်သည် လက်ရှိစီမံကိန်း ရေးဆွဲချမှတ်ခြင်းမပြုနိုင်မီ ၂၀၁၄-၂၀၁၆ မဟာ
ဗျူဟာစီမံကိန်းကို ၂၀၁၆ ခုနှစ် ကျော်လွန်သည့်တိုင် ကြိုးပမ်းအားထုတ်ဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင် လူ့အခွင့်အရေးကိုလေးစားမြှင့်တင် ကာကွယ်စောင့်ရှောက်ဖြည့်ဆည်းသည့် မြန်မာ့လူ့
အဖွဲ့အစည်းတစ်ရပ် တည်ထောင်နိုင်ရေးအတွက်လည်း အပြုသဘော ပံ့ပိုးနိုင်ခဲ့ပါသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ၌ ကော်မရှင်သည် အာရှပစိဖိတ်ဖိုရမ်နှင့် ညှိနှိုင်းပြီးနောက်၊
စွမ်းဆောင်ရည်ဆန်းစစ်မှုသည် ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ကာကွယ်ရေး ပိုမိုခိုင်မာ
စေရန်အတွက် လိုအပ်သော အချက်အလက်များ ရရှိစေနိုင်မည်ကို လက်ခံသဘောတူခဲ့ပါသည်။
ကော်မရှင်သည် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ
မဟာမင်းကြီးရုံးနှင့် အာရှပစိဖိတ်ဖိုရမ်တို့၏ ပံ့ပိုးမှုဖြင့် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက် တနင်္လာ
နေ့မှ နိုဝင်ဘာလ ၁၆ ရက် သောကြာနေ့အထိ စွမ်းဆောင်ရည်ဆန်းစစ်မှု ပြုလုပ်ခဲ့ပါသည်။
ဆန်းစစ်မှုတွင် ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအားလုံး စုစုပေါင်း ၈၆ ယောက်တို့ ပါဝင်
ခဲ့ကြပါသည်။
ကော်မရှင်အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် ပြင်ပမှသက်ဆိုင်သူများအကြား ကျယ်ကျယ်ပြန့်
ပြန့် ညှိနှိုင်းခဲ့ကြသည့် စွမ်းဆောင်ရည်ဆန်းစစ်မှုအရ ကော်မရှင်အတွက် ၃-၅ နှစ် မဟာဗျူဟာ
စီမံကိန်းတစ်ရပ် ရေးဆွဲရန် ဖြစ်ပေါ်စေခဲ့ပါသည်။ မဟာဗျူဟာစီမံကိန်းတွင် အကောင်အထည်
ဖေါ်ရေး၊ စောင့်ကြည့်ရေးနှင့် အကဲဖြတ်ရေးတို့ကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် တိကျသော
ရည်မှန်းချက်များနှင့် ပွင့်လင်း မြင်သာသော လုပ်ငန်းစဉ်များ ပါဝင်ပါသည်။
သို့ဖြစ်ပါ၍ စီမံကိန်းတွင်ပါရှိသည့် ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည် ဖေါ်ရန်
အတွက် လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာတွင် လုပ်ငန်းလမ်းညွှန်တစ်ရပ်အဖြစ် အသုံးပြု
မည့် မြန်မာနိုင်ငံ အမျ ိုးသားလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)
ကို တင်ပြအပ်ပါသည်။
ဝင်းမြ
ဥက္ကဌ
မြန်မာနိုင်ငံအမျ ိုးသားလူ့အခွင့်အရေးကော်မရှင်