မြန်မာနိုင်ငံအတွင်း၌ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ကြ���သူများ၊ တိုက်ပွဲဖြစ်ပွားသည့် ဒေသရှိ ပြည်သူများ၊ နယ်စပ်ဒေသရှိ ပြည်သူများနှင့် နိုင်ငံမဲ့များရှိကြပြီး ၎င်းတို့သည် ဘေးဖယ် ခံထားရဆုံးသူများ ဖြစ်ကြပါသည်။ ကော်မရှင်သည် ဤကိစ္စများကို လုပ်ဆောင်ရန်နှင့် အများ ပြည်သူတို့၏ ယုံကြည်မှု တည်ဆောက်ရန် အရေးကြီးကြောင်းကို အသိအမှတ်ပြုပါသည်။ ဦးစားပေးကိစ္စရပ်များ ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အောက်ပါကိစ္စရပ်များကို မြန်မာနိုင်ငံ၌ အရေးပါသော လူ့အခွင့်အရေး ကိစ္စရပ်များအဖြစ် သတ်မှတ်ကြပါသည်- • ကျား-မ၊ လူမျ ိုးနှင့် ဘာသာကို အခြေပြု၍ ခွဲခြားဆက်ဆံမှုများ • ပဋိပက္ခများနှင့် ဘာသာရေးသဟဇာတမဖြစ်မှုတို့ကြောင့် ပေါ်ပေါက်လာသည့် လူမှုရေး သဟဇာတမဖြစ်မှုများ • ညှင်းပမ်းနှိပ်စက်မှုများ • အမျ ိုးသမီးများအခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ဖေါက်ဖျက်ခြင်း (အိမ်တွင်းအကြမ်း ဖက်မ၊ှု လိငပ ် င ို ်းဆိင ု ရ ် ာ အကြမ်းဖက်မ၊ှု အရွယမ ် ရောက်သေးသည့် မိန်းကလေးများအား လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု) • ကလေးသူငယ်များ၏ အခွင့်အရေးများကိုဖေါက်ဖျက်ခြင်း (အမြတ်ထုတ်ခြင်း၊ အဓမ္မ စေခိုင်းခြင်း၊ လမ်းပျော်ကလေးများကိစ္စ) • မသန်စွမ်းသူများအခွင့်အရေး (လိင်ပိုင်းဆိုင်ရာ ဖေါက်ဖျက်မှု၊ မဲပေးပိုင်ခွင့်) • ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အခွင့်အရေးများ ဖေါက်ဖျက်ခြင်း • ကျောင်းနေကလေးသူငယ်များနှင့် အများပြည်သူများ၌ လူ့အခွင့်အရေးဗဟုသုတ မရှိခြင်း • အလုပ်ခွင်အခြေအနေ နိမ့်ကျခြင်းနှင့် အလုပ်သမားအခွင့်အရေးမရှိခြင်း/ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေးကိစ္စရပ်များ • အသက်ကြီးသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု

Выберите целевой абзац3