နိဒါန်း
မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ရေးဆွဲခြင်း
မြန်မာနိုင်ငံ အမျ ိုးသားလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်း
လုပ်ငန်းစဉ်သည် အောက်ပါမူ (၂) ရပ်ပေါ်တွင် အခြေခံထားပါသည် •
ကောင်းမွန်သော မဟာဗျူဟာစီမံကိန်းဟူသည် အဖွဲ့အစည်းတစ်ရပ်လုံး ပါဝင်ပတ်
သက်၍ တစ်ဦးတစ်ယောက်ချင်းစီ၏အမြင်များ ဖော်ပြနိုင်ခွင့် ရှိရမည်ဖြစ်ပြီး အဖွဲ့
အစည်းတစ်ရပ်လုံးက ၎င်းစီမံကိန်းကို မိမိတို့ကိုယ်ပိုင်အဖြစ်သတ်မှတ်၍ စီမံကိန်းကို
လည်းကောင်း၊ စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် လည်းကောင်း ခိုင်မာစွာ
ဆုံးဖြတ်ပြီး ဖြစ်ရပါမည်။
•
ကောင်းမွနသေ
်
ာ မဟာဗျူဟာစီမက
ံ န
ိ ်းဟူသည် ပြင်ပမှပါဝင်ပတ်သက်သမ
ူ ျား၏ အကြံ
ဉာဏ်များနှင့် စိုးရိမ်ပူပန်မှုများကို လက်ခံနိုင်ရမည်ဖြစ်ပြီး ၎င်းတို့၏ကျွမ်းကျင်မှုနှင့်
အတွေ့အကြုံများကို အသိအမှတ်ပြုကာအဖွဲ့အစည်း၏ အနာဂတ်အတွက် စီမံကိန်း
ရေးဆွဲရာတွင် ၎င်းတို့ပါဝင်ရန် ဖိတ်ခေါ်ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျ ိုးသား လူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်းရေးဆွဲခြင်း
လုပ်ငန်းစဉ်တွင် အဆင့် ၃ ဆင့်ပါဝင်ပါသည် ၁။ ကော်မရှင် အဖွဲ့ဝင်များနှင့် အကြီးတန်းအရာရှိများအပါအဝင် အားလုံးပါရှိသည့် လုပ်
ငန်းစဉ်ဖြင့် မဟာဗျူဟာစီမံကိန်းမူကြမ်းကို ရေးဆွဲခြင်း
၂။ မူကြမ်းနှင့်ပတ်သက်၍ ကော်မရှင်မှ ဝန်ထမ်းအားလုံး၊ ပြင်ပမှ အဓိက သက်ဆိုင်သူ
များဖြစ်ကြသည့် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်ထောင်စုအဆင့်နှင့် ဒေသဆိုင်ရာ
အဆင့်တို့ရှိ အစိုးရ အေဂျင်စီများအကြား ကျယ်ပြန့်စွာညှိနှိုင်းခြင်း
၃။ မဟာဗျူဟာ စီမံကိန်းမူကြမ်းကို စိစစ်တည်းဖြတ်ခြင်း၊ စီမံကိန်းချမှတ်ခြင်းနှင့် ၎င်း
စီမံကိန်းကို အကောင်အထည်ဖော်ရန် ပထမတစ်နှစ်တာ လုပ်ငန်းစီမံချက် ရေးဆွဲ
ခြင်း