မြန်မာနိုင်ငံအတွင်း၌
ပြည်တွင်းရွှေ့ပြောင်းနေထိုင်ကြ���သူများ၊
တိုက်ပွဲဖြစ်ပွားသည့်
ဒေသရှိ ပြည်သူများ၊ နယ်စပ်ဒေသရှိ ပြည်သူများနှင့် နိုင်ငံမဲ့များရှိကြပြီး ၎င်းတို့သည် ဘေးဖယ်
ခံထားရဆုံးသူများ ဖြစ်ကြပါသည်။ ကော်မရှင်သည် ဤကိစ္စများကို လုပ်ဆောင်ရန်နှင့် အများ
ပြည်သူတို့၏ ယုံကြည်မှု တည်ဆောက်ရန် အရေးကြီးကြောင်းကို အသိအမှတ်ပြုပါသည်။
ဦးစားပေးကိစ္စရပ်များ
ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက အောက်ပါကိစ္စရပ်များကို မြန်မာနိုင်ငံ၌
အရေးပါသော လူ့အခွင့်အရေး ကိစ္စရပ်များအဖြစ် သတ်မှတ်ကြပါသည်-
• ကျား-မ၊ လူမျ ိုးနှင့် ဘာသာကို အခြေပြု၍ ခွဲခြားဆက်ဆံမှုများ
• ပဋိပက္ခများနှင့် ဘာသာရေးသဟဇာတမဖြစ်မှုတို့ကြောင့် ပေါ်ပေါက်လာသည့် လူမှုရေး
သဟဇာတမဖြစ်မှုများ
• ညှင်းပမ်းနှိပ်စက်မှုများ
• အမျ ိုးသမီးများအခွင့်အရေးနှင့် လွတ်လပ်ခွင့်များ ဖေါက်ဖျက်ခြင်း (အိမ်တွင်းအကြမ်း
ဖက်မ၊ှု လိငပ
် င
ို ်းဆိင
ု ရ
် ာ အကြမ်းဖက်မ၊ှု အရွယမ
် ရောက်သေးသည့် မိန်းကလေးများအား
လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု)
• ကလေးသူငယ်များ၏ အခွင့်အရေးများကိုဖေါက်ဖျက်ခြင်း (အမြတ်ထုတ်ခြင်း၊ အဓမ္မ
စေခိုင်းခြင်း၊ လမ်းပျော်ကလေးများကိစ္စ)
• မသန်စွမ်းသူများအခွင့်အရေး (လိင်ပိုင်းဆိုင်ရာ ဖေါက်ဖျက်မှု၊ မဲပေးပိုင်ခွင့်)
• ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အခွင့်အရေးများ ဖေါက်ဖျက်ခြင်း
• ကျောင်းနေကလေးသူငယ်များနှင့် အများပြည်သူများ၌ လူ့အခွင့်အရေးဗဟုသုတ
မရှိခြင်း
• အလုပ်ခွင်အခြေအနေ နိမ့်ကျခြင်းနှင့် အလုပ်သမားအခွင့်အရေးမရှိခြင်း/ စီးပွားရေး
လုပ်ငန်းနှင့် လူ့အခွင့်အရေးကိစ္စရပ်များ
• အသက်ကြီးသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု