၂၀၁၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ဆောင်ရွက်ချက် အကျဉ်းချုပ်
ကော်မရှင်၏ ပထမ မဟာဗျူဟာစီမံကိန်းသည် ၂၀၁၄ ခုနှစ် မှ ၂၀၁၆ ခုနှစ် အထိ ဆောင်
ရွက်ရန် ဖြစ်ပါသည်။ ကော်မရှင်သည် စီမံကိန်းတွင် ဖေါ်ပြပါရှိသည့် ရည်မှန်းချက်ပန်းတိုင်များနှင့်
ဆောင်ရွက်ရန်အချက်များကို လက်ရှိအချ ိန်အထိ အကောင်အထည်ဖေါ် ဆောင်ရွက်လျက်
ရှိပါသည်။
အဆိုပါ ရည်မှန်းချက်ပန်းတိုင်များမှာရည်မှန်းချက်ပန်းတိုင်(၁)- လူ့အခွင့်အရေးအသိပညာပြန့်ပွားရေးနှင့်လူ့အခွင့်အရေးအား
ပေးထောက်ခံ မှုကိုမြှင့်တင်ရန်
ရည်မှန်းချက်ပန်းတိုင်(၂)- ဥပဒေများ၊ မူဝါဒများနှင့်အစီအစဉ်များသည် လူ့အခွင့်အရေးနှင့်
ကိုက်ညီမှုရှိစေရန်အတွက် လွှတ်တော်နှင့်အစိုးရတို့အား ကူညီ
ရန်နှင့် အားပေးတိုက်တွန်းရန်
ရည်မှန်းချက်ပန်းတိုင်(၃)- လူ့အခွင့်အရေးဖောက်ဖျက်မှုများကို စောင့်ကြည့်၍ စုံစမ်းစစ်
ဆေးပြီး ဖောက်ဖျက်ခံရသူများအားကုစားမှုရရှိရေးအတွက်
ကူညီရန်
ရည်မှန်းချက်ပန်းတိုင်(၄)- နိုင်ငံတကာတွင်လည်းကောင်း၊ ပြည်တွင်း၌လည်းကောင်း လူ့
အခွင့်အရေးဥပဒေနှင့် လူ့အခွင့်အရေး ယန္တရားများဖွံ့ဖြိုး တိုး
တက်လာစေရေးအတွက် ကမကထပြုဆောင်ရွက်ရန်နှင့် အား
ပေးတိုက်တွန်းရန်
ရည်မှန်းချက်ပန်းတိုင်(၅)- ထိရောက်မှု ရှိနိုင်သမျှအရှိဆုံး ဆောင်ရွက်သည့် အမျ ိုးသားလူ့
အခွင့်အရေးအဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် အလို့ငှာ
ကော်မရှင်၏ဖွဲ့စည်းမှုပုံစံများနှင့်လုပ်ငန်းများကို ရေးဆွဲဆောင်
ရွက်ရန်နှင့်ဝန်ထမ်းများအား လေ့ကျင့် သင်ကြားပေးရန်