အသိအမှတ်ပြုအဆင့်အတန်း အမျ ိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာကမ္ဘာ့အဖွဲ့ကြီး၏ အဆင့်သတ်မှတ် ရေးဆိုင်ရာ ဆပ်ကော်မတီသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကော်မရှင်၏ အဆင့်အတန်းကို သုံးသပ်ပြီး ‘ဘီ’ အဆင့် အဖြစ် အသိအမှတ် ပြုခဲ့ပါသည်။ ‘ဘီ’ အဆင့်သတ်မှတ်ရန်အတွက် အကြံပြုတိုက်တွန်းရာတွင် အမျ ိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး၏ အဆင့်သတ်မှတ်ရေးဆိုင်ရာ ဆပ်ကော်မတီက အောက်ပါအတိုင်း ဖေါ်ပြခဲ့ပါသည် “အမျ ိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းကို ဥပဒေပြဌာန်း၍ ဖွဲ့စည်းတည်ထောင် ခဲ့ခြင်း ကို ဆပ်ကော်မတီကကြိုဆိုပါသည်။ လူ့အခွင့်အရေး ကျင့်သုံးရေးနှင့် စပ်လျဉ်း၍ အဓိကသက် ဆိုင်သူများအား အသိပညာပေးရန် ကော်မရှင်၏ပေါင်းစပ်ညှိုနှိုင်းရေးအ စီအစဉ်ကို အထူးမှတ် သားလျက်၊ ကော်မရှင်သည် စိန်ခေါ်မှုများရှိနေသည့်အကြားမှ လူ့အခွင့်အရေုးမြှင့်တင်ရန်ဆက်လက်ကြိုးပမ်း အားထုတ်နေမှုကို ဆပ်ကော်မတီက ချ ီးကျူး ဂုဏ်ပြုပါသည်။” ထို့နောက် မြန်မာနိုင်ငံအမျ ိုးသားလူ့အခွင့်အရေးကော်မရှင်အတွက် ‘အေ’ အဆင့် ရရှိရန် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆပ်ကော်မတီက သတ်မှတ်ပေးခဲ့ပါသည်။ ဆပ်ကော်မတီက ကော်မရှင်အား ၎င်း၏ လုပ်ပိုင်ခွင့်များဆောင်ရွက်ရာတွင် ကျယ်ပြန့်စွာ၊ လွတ်လပ်စွာနှင့် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ရန်နှင့် အားလုံး၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး ဆောင်ရွက်ရန်တို့ကို အားပေးတိုက်တွန်းခဲ့ပါသည်။ ဆပ်ကော်မတီ၏ အကြံပြုတိုက်တွန်း ချက်အများအပြားကို မြန်မာနိုင်ငံအမျ ိုးသား လူ့အခွင့်အရေးကော်မရှင်က အကောင်အထည် ဖေါ်ဆောင် ရွက်ခဲ့ပြီးဖြစ်ပါသည်။ 1 နိုင်ငံတကာ ဆက်ဆံရေး ကော်မရှင်သည် အရှေ့တောင်အာရှ အမျ ိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ အာရှပစိဖိတ်အမျ ိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း များဖိုရမ် (APF) ၏ တွဲဖက်အဖွဲ့ဝင် အဖြစ်လည်းကောင်း၊ အမျ ိုးသားလူ့အခွင့်အရေးအဖွဲ့အစည်း များဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး (GANHRI) ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း ပါဝင် ဆောင်ရွက်လျက်ရှိ ပါသည်။ 1 http://nhri.ohchr.org/EN/AboutUs/GANHRIAccreditation/Documents/SCA%20FINAL% 20REPORT%20-%20NOVEMBER%202015-English.pdf

Select target paragraph3