(ဃ) နိင
ု င
် တ
ံ ကာလူ့အခွငအ
့် ရေးစောင့ကြ
် ည့မ
် ှု ယန္တရားများသို့ တင်သင
ွ ်းမည့အ
် စီရင်ခစ
ံ ာများ
ပြုစုရာတွင် အစိုးရအဖွဲ့အားပံ့ပိုးကူညီခြင်း
(င) စုံစမ်းစစ်ဆေးခြင်းနှင့် ဖြစ်ပွားသည့်နေရာများသို့သွားရောက်ခြင်းတို့ အပါအဝင်လူ့အခွင့်
အရေးဖောက်ဖျက်ကြောင်းတိုင်တန်းချက်များကိုစုံစမ်းစစ်ဆေးခြင်း
(စ) အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများကို
သွားရောက် စစ်ဆေး ခြင်း
(ဆ) အရပ်ဘက်အဖွ့ဲ အစည်းများ၊
အလုပသ
် မားသမဂ္ဂများနှင့်
အခြားအဖွ့ဲ အစည်းများ၊
ပုဂလ
္ဂ က
ိ ကဏ္ဍ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အ
ရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်အပါအဝင် အခြားသော နိုင်ငံအဆင့်၊
ဒေသအဆင့်နှင့် နိုင်ငံတကာအဆင့် လူ့အခွင့်အရေး ယန္တရားများနှင့် တိုင်ပင်ဆွေးနွေး
ခြင်း၊ ထိတွေ့ဆောင်ရွက်ခြင်း
(ဇ) နှစ်ပတ်လည်အစီရင်ခံစာနှင့် လိုအပ်ပါက အထူးအစီရင်ခံစာတို့ကို လွှတ်တော်၊ အစိုးရ
သို့မဟုတ် နိုင်ငံတော်သမ္မတထံသို့ သင့်လျော်သလို တင်သွင်းခြင်း
(စျ) ကော်မရှင်၏ တာဝန်တစ်ရပ်ရပ်ကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် ဆက်စပ်မှု
ရှိသည့် သို့မဟုတ် အထောက်အကူဖြစ်စေမည့် လုပ်ငန်းများကို ဆောင်ရွက်ခြင်း
ဤရည်ရွယ်ချက်များအတွက်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေး
များ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးများနှင့် နိုင်ငံတော်က လိုက်နာရန်
ရှိသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များ (လက်ရှိတွင် ကလေးသူငယ်အခွင့်
အရေးဆိုင်ရာ သဘောတူစာချုပ်၊ အမျ ိုးသမီးများအား ခွဲခြားဆက်ဆံသည့် ပုံသဏ္ဍာန်အားလုံး
ပပျောက်ရေး သဘောတူစာချုပ်၊ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်
နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးတို့နှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ
သဘောတူစာချုပ်) တွင် ပါရှိသည့် လူ့အခွင့်အရေးများကို “လူ့အခွင့်အရေး” ဟု ကော်မရှင်
ဥပဒေ၏ ပုဒ်မ ၂၊ ပုဒ်မခွဲ(ဂ) တွင် အဓိပ္ပာယ် ဖွင့်ဆိုထားပါသည်။