• အခြားနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသည့် အခြားနိုင်ငံသားများတို့နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ • ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအခွင့်အရေးများ • လူကုန်ကူးမှုများ မျှော်မှန်းချက်၊ တာဝန်၊ ရည်မှန်းချက်ပန်းတိုင်များနှင့် မဟာဗျူဟာစီမံကိန်း မျှော်မှန်းချက် လူ့အခွင့်အရေးကို လေးစား၊ မြှင့်တင်၊ ကာကွယ်စောင့်ရှောက်၊ ဖြည့်ဆည်းသည့် မြန်မာ့ လူ့အဖွဲ့အစည်း ပေါ်ပေါက်ရေး တာဝန် ကျွန်ုပ်တို့သည် မိမိတို့၏ မျှော်မှန်းချက်အောင်မြင်စေရန်အလို့ငှာ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့မှတစ်ဆင့် လူ့ဂုဏ်သိက္ခာ၊ လွတ်လပ်မှုနှင့် တန်းတူ ရည်တူရှိမှုတို့ကို လေးစားမှု ရှိရေးအတွက် စိတ်အားထက်သန်စွာ လုပ်ကိုင်ဆောင်ရွက်ရေး ရည်မှန်းချက်ပန်းတိုင်များ ၁။ မြန်မာနိုင်ငံအမျ ိုးသားလူ့အခွင့်အရေးကော်မရှင်အပေါ် ပြည်သူလူထုက ပိုမို၍ ယုံကြည် အားထား လာစေရေး ၂။ လူ့အခွင့်အရေးပညာပေးရေးနှင့် အသိပညာပြန့်ပွားရေးတို့ကို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာ နိုင်ငံ၌ လူ့အခွင့်အရေးယဉ်ကျေးမှုတစ်ရပ် ဖန်တီးရေး ၃။ မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးဖောက်ဖျက်မှုများ လျှော့ချရေး

Select target paragraph3