မြန်မာနိုင်ငံအမျ ိုးသားလူ့အခွင့်အရေးကော်မရှင်
ဖွဲ့စည်းတည်ထောင်ခြင်းနှင့် ရပ်တည်မှုအခြေအနေ
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ထိုစဉ်က နိုင်ငံတော်သမ္မတ သည်
ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) ဖြင့် ကော်မရှင်ကို အဖွဲ့ဝင်
၁၅ဦးဖြင့် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ကော်မရှင်သည် ကနဦးအစတွင် သမ္မတရုံး၏
ဘတ်ဂျက်မှ ရန်ပုံငွေခွဲဝေချထားမှုအပေါ် မှီခိုခဲ့ရပါသည်။ ၂၀၁၆ ခုနှစ်မှ စတင်၍ နိုင်ငံတော်၏
ဘဏ္ဍာငွေ တိုက်ရိုက် ခွဲဝေချထားပေးမှု ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံအမျ ိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ
(ဥပဒေအမှတ်
၂၁/၂၀၁၄၊
နောင်တွင် ကော်မရှင် ဥပဒေဟု ရည်ညွှန်းမည်) ကို ၂၀၁၄ ခုနှစ်၊ မတ်လတွင် ပြဌာန်းပြီးနောက်
ကော်မရှင်သည် ဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပါသည်။
ကော်မရှင်
ဖွဲ့စည်းတည်ထောင်သည့် ဥပဒေအရ ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဖွဲ့ဝင်
၁၁ ဦးကို ၅ နှစ် သက်တမ်းအတွက် ခန့်အပ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင်
အဖွဲ့ဝင် လေးဦးနှုတ်ထွက်ခဲ့ပြီးနောက် ၂၀၁၈ခုနှစ် ဧပြီလတွင် အဖွဲ့ဝင် သုံးဦးကို အစားထိုး
ခန့်အပ်ခဲ့ပါသည်။
လုပ်ပိုင်ခွင့်၊ အခွင့်အာဏာနှင့် လုပ်ငန်းတာဝန်များ
ကော်မရှင် ဥပဒေ ပုဒ်မ ၂၂ တွင် ပြဌာန်းထားသည့်အတိုင်း ကော်မရှင်၌ အောက်ပါ အခွင့်အာဏာ
နှင့် လုပ်ငန်းတာဝန်များ ရှိပါသည်(က) လူ့အခွင့်အရေး ပညာပေးရေးနှင့် လူ့အခွင့်အရေး အသိပညာပြန့်ပွားရေးကို မြှင့်တင်
ဆောင်ရွက်ခြင်း
(ခ) နိုင်ငံတော်က ပါဝင်ချုပ်ဆိုသင့်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များကို
အစိုးရအဖွဲ့သို့ အကြံပြုတင်ပြခြင်း
(ဂ) တည်ဆဲဥပဒေနှင့် အဆိုပြုထားသည့် ဥပဒေကြမ်းများသည် နိုင်ငံတော်က ပါဝင်ချုပ်ဆို
ထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးစာချုပ်များနှင့် ကိုက်ညီမှု ရှိ၊ မရှိကို လေ့
လာသုံးသပ်ပြီး လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ပြဌာန်းသင့်သည့်
ဥပဒေများနှင့် အခြားဆောင်ရွက်သင့်သည်များကို အကြံပြုတင်ပြခြင်း