SWOT နည်းလမ်းအရ သုံးသပ်မှု
စွမ်းဆောင်ရည်ဆန်းစစ်မှုဆောင်ရွက်စဉ်တွင် ကော်မရှင် အဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့်
ပြင်ပမှသက်ဆိုင်သူများသည် ကော်မရှင်၏ အားသာချက်များ၊ အားနည်းချက်များနှင့် ရင်ဆိုင်ရ
သည့် စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပ���သည်။ ကော်မရှင် အဖွဲ့ဝင်များနှင့် ညွှန်ကြားရေးမှူးများ
သည် မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးလုပ်ငန်း၏ ကဏ္ဍတစ်ရပ်အနေဖြင့် ကော်မရှင်၏ အားသာ
ချက်များနှင့် အားနည်းချက်များကို အသေးစိတ်သုံးသပ်ခဲ့ကြပါသည်။ ထို့ပြင် ကော်မရှင်အတွက်
အခွင့်အလမ်းနှင့် အခက်အခဲများကိုလည်း သတ်မှတ်နိုင်ခဲ့ကြပါသည်။
အားသာချက်များ ( အကျဉ်းချုပ် )
• ကော်မရှင်ကို ဥပဒေအရ ဖွဲ့စည်းခြင်း
• ကော်မရှင် ဥက္ကဌကို ပြည်ထောင်စုဝန်ကြီးအဆင့်အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များကို
ဒုတိယဝန်ကြီး အဆင့်အဖြစ်လည်းကောင်း သတ်မှတ်ခြင်း
• ပိုမိုလေ့လာလိုစိတ်၊ ပိုမိုလုပ်ကိုင်လိုစိတ်ရှိပြီး လုပ်ငန်းအပေါ်သစ္စာရှိသည့် ဝန်ထမ်းများ
ရှိ ခြင်း
•
ဘဏ္ဍာငွေကြေးကို လွတ်လပ်စွာသုံးစွဲနိုင်မှု တိုးတက်လာခြင်း၊ သီးခြားဘတ်ဂျက်ရရှိခြင်း
•
ရုံးခွဲများ စတင်ဖွင့်လှစ်လာခြင်း
•
လွှတ်တော်နှင့် ဆက်ဆံရေး
•
တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတို့တွင် လူ့အခွင့်အရေး အသိပညာပြန့်ပွားရေးနှင့်
လူ့အခွင့်အရေးပညာပေးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်း
• အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း တို့သို့
စောင့်ကြည့်လေ့လာခြင်းနှင့် တိုးတက်မှုများ တွေ့ရှိရခြင်း
• ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်း
• ကော်မရှင်၏ တိုင်တန်းမှုလုပ်ငန်းစဉ်အပေါ် အစိုးရဌာနများက လေးစားမှုရှိခြင်း
• ကော်မရှင်၏ ဥပဒေနှင့် မူဝါဒအပိုင်းဆိုင်ရာ အကြံပြုတိုက်တွန်းချက်များအပေါ်
နိုင်ငံတော်သမ္မတ၏ တုံ့ပြန်မှုများ
•
အမျ ိုးသမီးရေးရာ၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းသူအခွင့်အရေး၊ လူကုန်ကူးမှု